2aN Gleaming Tension Pact

2aN Gleaming Tension Pact

Review for 2aN Gleaming Tension Pact No23

မျက်နှာမှာ အဖုပေါက်ပြီး အမာရွတ်တွေ ကျန်နေတာ တော်တော်ကြာနေလို့ အရမ်းတွေ လှချင်နေတာနဲ့ မျက်နှာကို လေဆာပါပစ်ပလိုက်ရော ......

အဲ့မှာ ပိုဆိုးသွားပြီး မျက်နှာမှာ အမာရွတ်အမဲကွက်နေရာ အဖြူကွက်တွေဖြစ်သွားပြီး မျက်နှာကတော်တော်ကို ကြည့်ရဆိုးနေတာ (သရဲကားထဲက သရဲမတွေတောင် ကိုယ့်လောက် ကြည့်ရ ကြောက်ဖို့ကောင်းမှာ မဟုတ်ဘူး)

Coverage ဖြစ်မဲ့ Makeup တွေ ကို အသည်းအသန်ရှာလိုက် ဝယ်လိုက် လိမ်းလိုက်နဲ့ တော်တော်လဲ စုံနေပြီ အဆင်မပြေလာဘူး

ခုတော့ 2aN Gleaming Tension Pact လေးကိုတွေ့ပြီး အရမ်းတွေသဘောကျနေတာ ဘူးအပြင်အဆင်နဲ့တင် ကြွေသွားတာ

မျက်နှာမှာရှိတဲ့ အမဲစက် အမာရွတ် တွေကို တော်တော်လေး ဖုံးပေးနိုင်တယ် မိတ်ကပ်အသားကွက်သွားတာ ပြာသွားတာမျိုးမဖြစ်ပဲ မျက်နှာလေး ပြောင်ပြောင်ကြည်ကြည်ဖြစ်နေတာ ကိုရီးယားမင်းသမီးတွေအတိုင်းပဲ အရမ်းကြိုက်တယ်

Coverage ဖြစ်တဲ့ မိတ်ကပ်တွေ့ပေမဲ့လဲ မျက်နှာကိုအရင်လိုပြန်ဖြစ်အောင် ဘာလုပ်ရမလဲ စဉ်းစားလို့မရဘူးဖြစ်နေလို့ အကြံဉာဏ်လေးပေးကြပါဦးလို့

ပစ္စည်းအကြောင်း အသေးစိတ်သိချင်တယ်ဆို အောက်မှာ link လေး ချပေးထားတယ်နော်

 

 

Back to blog

Leave a comment