Celefit Starfit Lip Tint

Celefit Starfit Lip Tint

အရောင်လေးတွေက တစ်မိုထူးခြား နေပြီး ၊ လုံးဝမပျက်လွယ်ဘူး ၊ နုတ်ခမ်းနီ တွေကိုဖျက်လိုက်ရင်တောင် အရောင်လေးတွေ နုတ်ခမ်းမှာစွဲကျန်တာပါဆို ။

အရောင်လေးတွေက မတအား လှတယ်။
သူက Korea brand, Celefit ရဲ့ Star Fit Lip tint လေးတွေပါ။
-အရောင်ထွက်အားအရမ်းကောင်းပြီး၊ Transfer proof ဖစ်တယ်။
-သူက tint ဆိုပေမဲ့ Texture က Velvet cream ပုံစံလေး ၊ နူးညံ့ပြီး အရမ်းဆိုးလို့ကောင်းတယ်။
-နုတ်ခမ်း အတွင်းထဲလေးဆိုးရင်ပိုလှတယ်။
Full အပြည့်ဆိုးရင်လဲ လှတယ်။
-Tint ဆိုတဲ့အတိုင်း နုတ်ခမ်းနီတွေ ပျက်သွားရင်တောင်၊နုတ်ခမ်းသားမှာ အရောင်လေး ကျန်ခဲ့သေးတာ
တစ်ကယ် တစ်ကယ် ….. ရွှေရည်ဆို နုတ်ခမ်းနီတွေ စမ်းပြီး မျက်နှာသစ်ပြီးတာတောင် နုတ်ခမ်းမှာ အရောင်လေးတွ ကျန်ခဲ့လို့ လုံးဝ surprise ဖစ်သွားတာ 💯
-သူ့ရဲ့ applicator လေးက နူးညံ့တဲ့ကတ္တီပါသားလေး ထိပ်လေးကလဲ မချွန် မဝိုင်းလေး ဆိုတော့ နုတ်ခမ်း ပုံသွင်းရလဲ လွယ်တယ်။
-အနံလေးတွေကလဲ အသီးအနံ့လေးတွေ
-ဆိုးတဲ့ feeling က စစဆိုးခြင်းမှာ နုတ်ခမ်းသားပေါ်မှာ စိုစိုလေး ခံစားရပြီး ၊ ခဏကြာတော့ အရမ်းမစိုတော့ဘူး။ နုတ်ခမ်းပေါ်မှာလဲ ပေါ့ပေါ့ပါးပါးနဲ့ နေလို့ကောင်းတယ်။ နုတ်ခမ်းလဲမပျက်စီးဘူး၊ နုတ်ခမ်းတွေ ဖျက်လိုက်ရင်တောင် စိုစိုအိအိလေးကျန်ခဲ့တယ်။
ရွှေရည်ဆို အရောင် ၅ရောင် ဖျက်လိုက်ဆိုးလိုက် လုပ်တာတောင် နုတ်ခမ်းအဖတ်လန်တာ၊နာတာ၊ ကွဲတာ မျိုး လုံးဝ မဖစ်ဘူး💯
-ဘူး size လေးက လဲ အရမ်းမကြီး အရမ်းမသေးဘူး၊ နေရာမယူတဲ့အတွက် ဘယ်သွားသွားလွယ်လွယ်ကူကူ ထည့်သွားလို့ရတယ်။

💟အရောင်လေးတွေက (၅) ရောင် ထွက်ထားတယ်။

❤️01 - Cranberry ❤️
သူ့ရဲ့အရောင်လေးက အနီ မကျ ပန်းမကျ အရောင်လေး၊ အနီရောင်စစ်ကြီးလဲမဟုတ်ဘူး Cherry အသီးရောင်လိုလေး၊ ဒါပေမဲ့ ဆိုးလိုက်ရင် မျက်နှာလေး လင်းသွားတယ်။ အသားအရောင်မရွေးလိုက်တဲ့ အရောင်လေး။

💗02 - Raspberry 💗
သူကကျတော့ ပန်းမိတ်ကပ် အရောင်လိုလေး ။
ငြိမ်ငြိမ်လေးနဲ့လှတယ်။ အရောင်ရင့်တာ မကြိုက်ရင် ဒါလေးနဲ့အိုကေတယ်။ ဆိုးလိုက်ရင် မျက်နှာလေးက ဝင်းဝင်းလေးဖစ်သွားတယ်။ သူ့အရောင်လေးက ၂ရောင်စပ်ဆိုးလို့ ကောင်းတဲ့ အရောင်လေး

💜03- BlackBerry 💜
ထူးထူးခြားခြား အရောင်လေး ၊ အဲ့လိုအရောင်လေးကတော်တော်ရှားတယ်နော်။ သိပ့်မတွေ့ဖစ်ဘူး
သူက ဇီးအရောင်လေး ၊ လုံးဝကို ဇီးအရောင်စစ်စစ် ။ ပြောရရင် wine အရောင်လေးပေါ့။ ရှားပါးအရောင်လေး။ ဆိုးလိုက်ရင် မျက်နှာကိုမရင့်သွားဘူး ။ အတွင်းထဲဆိုးရင် ပိုလှတယ်။ ပါးပါးလေးဆိုးရင်လဲလှတယ်။ ဒီအရောင်လေး အရမ်းကြိုက်တာ

🤎 04- LoganBerry 🤎
အညိုရောင် ကြိုက်တဲ့ သူဆို ဒီအရောင်လေး သိပ့်လှသောဘဲ ။ ပါးပါးလေးဆိုးရင် အရောင်လေးက တစ်မျိုးလေးလှပြီး ထူထူဆိုးရင် အညိုလေးထွက်တယ်။ တော်တော်လှတယ်။

🧡 05 - Redberry 🧡
သူက လိမ္မော်ရောင်လေး ၊ ဆိုးလိုက်ရင် မျက်နှာလေးက လင်းသွားတာ ကကြီးမလေးတွေ အဆိုးများတဲ့ ကာလာလေးပေါ့။ လှနေရော

ကဲ lipstick ဆို တစ်ချောင်းဆို တစ်ချောင်း ကောင်းကောင်းလေးရှာနေရင် ဒါလေးကို လုံးဝ Recommend ပေးပါတယ်။ ဆိုးကြည့်လိုက်နော် ကြိုက်ကိုကြိုက်စေရမယ် 😉❤️

Celefit Star Fit Lip Tint လေးတွေ ကို Aerial Korea Co.,Ltd Page မှာဝယ်ယူလို့ရပါတယ်။

#liptint
#starfitliptint
#celefit
#lipstick
#shweyeeblogs
블로그로 돌아가기

댓글 남기기